ဈေးကွက်ဈေးနှုန်း

မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်စည်ဈေးနှုန်း

Last Updated:

    ၂၀၂၀ အောက်တိုဘာ ၁၂ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရာဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၀၀၊ ၁၀၈ ပေါင် (ဆန်သား၉၀%)ဆန်တစ်အိတ်ဈေးနှုန်းမှာ ဧည့်မထ ကျပ် ၂၉၀၀၀၊ ပေါ်ဆန်း ကျပ် ၄၀၅၀၀၊ ပေါ်ကျွဲ ကျပ် ၃၃၅၀၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ်၃၉၀၀၀၊ ပဲလွန်းဖြူ ကျပ်၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၀၀၀၀၊ မြေပဲ ၆၁၀၀၀ ကျပ် ပေါက်ဈေးဖြစ်ပေါ်နေပြီး

   သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက္ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင်လက္ကားဈေး တစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀၊  မင်းဂွတ်သီး တစ်လုံး ၅၀ မှ ၁၅၀ ကျပ် ပေါက်ဈေးနှင့်

     ရေထွက်ကုန်တစ်ပိဿာ(အလတ်စ)ဈေးနှုန်းများမှာ ငါးဒန် ကျပ် ၂၃၀၀၊ ငါးမြစ်ချင်း ကျပ် ၃၃၀၀၊ ငါးဖားမ ကျပ် ၂၅၀၀၊ တီလားဗီးရား ကျပ် ၃၅၀၀၊ ငါးပုတ်သင် ကျပ် ၅၀၀၀၊ ငါးပုဏ္ဏား(ထီး) ကျပ် ၇၀၀၀၊ ကကတစ် ကျပ် ၈၀၀၀၊ ငါးသလောက်(အာနီ) ကျပ် ၁၈၀၀၀၊ ကင်းမွန်ကျပ် ၅၅၀၀ မှ ၈၅၀၀၊ ပုဇွန်ပျော့ ကျပ် ၁၈၀၀၀ မှ ၂၀၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း) ကျပ် ၁၅၀၀၀ မှ ၂၅၀၀၀၊ ဂဏန်း(ပန်း) ၇၀၀၀ မှ ၉၀၀၀ ကျပ် ပေါက်ဈေးဖြစ်ပေါ်နေကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

 

                                                                                    ရာမညကုန်သွယ်မှုဗဟိုဌာန